Saturday, October 30, 2021

ဝှက်စာစနစ်တို့အား ကိန်းသီအိုဖြင့် ချဉ်းကပ်ခြင်း

မိတ်ဆက်နိဒါန်း

            ဂျာမန်သင်္ချာပညာရှင် ဂေါက်စ် Johann Carl Friedrich Gauss (30 April 1777 - 23 February 1855) က "သင်္ချာပညာဟာ သိပ္ပံပညာရပ်တွေရဲ့ ဘုရင်မ၊ ကိန်းသီအိုရီဟာ သင်္ချာပညာရပ်တွေရဲ့ ဘုရင်မ" လို့ ဆိုခဲ့ပါတယ်။ ကိန်းသီအိုရီ (Number Theory) ဆိုတာ ကိန်းတွေ၊ အထူးသဖြင့် ကိန်းပြည့် (Integer) တွေကို လေ့လာတဲ့ ပညာပါ။ ကိန်းပြည့်တွေလို့ ဆိုတဲ့နေရာမှာ အပေါင်းကိန်းပြည့်တွေရော အနှုတ်ကိန်းပြည့်တွေရော ပါဝင်ပါတယ်။ တစ်ချိန်တုန်းကတော့ ဒီကိန်းသီအိုရီပညာရပ်ကို ပြင်ပလောကမှာ လက်တွေ့အသုံးချစရာမရှိတဲ့ သင်္ချာစစ် (pure mathematics) ရဲ့ ကိုင်းကွဲတစ်ခုအဖြစ်ယူဆခဲ့ကြပါတယ်။ ဒါပေမဲ့ ကိန်းသီအိုရီဟာ ယနေ့ အိုင်တီခေတ်၊ သတင်းအချက်အလက်ခေတ်၊ အွန်လိုင်းခေတ်၊ အင်တာနက်ခေတ်ကြီးရဲ့ အရေးအပါဆုံး မရှိမဖြစ် ပညာရပ်တစ်ခုဖြစ်တဲ့ ဝှက်စာရေးနည်း ပြန်ဖော်နည်း (Encription + Decrition = cryptography) တွေမှာ လက်တွေ့ အသုံးချနေကြပြီဖြစ်ပါတယ်။ ဒါ့အပြင် တယ်လီဖုန်းဆက်သွယ်ရေး၊ ဂြိုဟ်တုမှ အချက်အလက်များပေးပို့ခြင်း နဲ့ CD/DVD disks တွေမှာ ပါရှိတဲ့အချက်အလက်တွေ မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံ ဖြစ်နိုင်ဖို့အတွက် အသုံးပြုတဲ့ အမှားစစ်ကုဒ် (error checking code) တွေ ဖန်တီးထည့်သွင်းတဲ့ နေရာတွေမှာပါ အသုံးချနေကြပြီဖြစ်ပါတယ်။

            အခြေခံကိန်းသီအိုရီ (Elementary number theory) ဟာ ကိန်းသီအိုရီ ပညာရပ်ရဲ့ အဓိက ကိုင်းကွဲတစ်ခုဖြစ်ပါတယ်။ ဒီနေရာမှာ အခြေခံ (elementary) ဆိုတဲ့ စကားလုံးဟာ အဲ့ဒီပညာရပ်မှာ ပါဝင်တဲ့ ပြဿနာတွေ ပုဒ်စာတွေဟာ ရိုးရှင်းလွယ်ကူတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ကိန်းသီအိုရီ နဲ့ ပတ်သက်ပြီး ဖြေရှင်းရခက်ခဲတဲ့ ပြဿနာပေါင်း မြောက်များစွာရှိပါတယ်။ ထင်ရှားတဲ့ ပြဿနာတစ်ခုကတော့ "ပြီးပြည့်စုံသော မ ကိန်း (odd perfect number) ရှိသလား"  ဆိုတဲ့မေးခွန်းမျိုးဖြစ်ပါတယ်။ ကိန်းတန်ဘိုး ပမာဏ 10300 အထိ လက်ရှိလေ့လာပြီးသလောက် အခြေအနေအထိတော့ ပြီးပြည့်စုံတဲ့ မကိန်းကို မတွေ့သေးပါဘူး။ သို့သော် မရှိကြောင်းလည်း ဘယ်သူမှ သက်သေ မပြနိုင်သေးပါဘူး။ 2018 ခုနှစ်အထိ ပြီးပြည့်စုံကိန်း စုစုပေါင်း ၅၁ လုံးကို ရှာဖွေနိုင်ခဲ့ပြီး၊ အဲ့ဒီ ၂၀၁၈ မှာ နောက်ဆုံးတွေ့ခဲ့တဲ့ ပြီးပြည့်စုံကိန်းမှာ ကိန်းလုံးရေပေါင်း 49,724,095 digits အထိပါဝင်နေပါတယ်။ ဒါကို ထောက်ရှုခြင်းအားဖြင့် ကိန်းသီအိုရီကို လေ့လာရတာဟာ ဘယ်လောက်အထိ အားစိုက်ထုတ်ရမလဲဆိုတဲ့ အချက်ကို ခန့်မှန်းတွက်ဆနိုင်ပါတယ်။

            ကိန်းသီအိုရီပညာမှာ ပြီးပြည့်စုံကိန်းလိုပဲ၊ ဖြေရှင်းရခက်ခဲတဲ့ နောက်ထပ်ကိန်းအမျိုးအစားတွေထဲမှာ ကျပန်းကိန်းတို့၊ သုဒ္ဓကိန်းတို့ ပါဝင်ပါတယ်။ အဲ့ဒီကန်းတွေကို ဖန်တီးတည်ဆောက်ခြင်း၊ အဲ့တာတွေနဲ့ဆက်စပ်နေတဲ့ ကိန်းတစ်ခုကိုစားခြင်း အကြွင်းရှာခြင်းနဲ့  သုဒ္ဓဆခွဲကိန်း ရှာခြင်း ကိစ္စဆိုင်ရာ ပြဿနာများကလည်း အခြေခံကိန်းသီအိုရီရဲ့ အစိတ်အပိုင်းတွေပဲဖြစ်ပါတယ်။ အဲ့ဒီ အခြေခံကိန်းသီအိုရီရဲ့ အစိတ်အပိုင်းတွေကို လက်တွေ့အသုံးချပြီး အလွန်ရှုပ်ထွေးပြီး ဖြေရှင်းရခက်ခဲတဲ့ တန်ဖိုးမဖြတ်နိုင်လောက်အောင် အရေးပါလှတဲ့ ခေတ်သစ် ဝှက်စာရေးနည်း ပြန်ဖော်နည်း စနစ်တွေကို တည်ဆောက်ကြတာဖြစ်ပါတယ်။

            ဝှက်စာပညာဆိုတာ တကယ်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်ကျော်ကတည်းက စတင်ပေါ်ပေါက်ခဲ့ အနုပညာဆန်တဲ့ အတတ်ပညာတစ်ရပ်ပါ။ အခုနောက်ဆုံး ဆယ်စုနှစ် အနည်းငယ်အတွင်းမှာ သီအိုရီကွန်ပြူတာသိပ္ပံပညာရပ်ရဲ့ အားဖြည့်ပေါင်းစပ်မှုကြောင့် ပုံသဏန်ရော အနှစ်သာရပါ အများကြီး ပြောင်းလဲလာခဲ့ပါပြီ။ ဒါ့အပြင် ဒီဝှက်စာပညာရပ်ဟာ ကိန်းသီအိုရီရဲ့ လက်တွေ  အသုံးချနယ်ပယ်အတွက်  အလွန်တန်ဖိုးများ ထင်ရှားတဲ့ သက်သေတရပ်လည်းဖြစ်ပါတယ်။ ဝှက်စာရေးနည်းတွေကို၊ ရှေးရိုးနည်း နဲ့ ခေတ်သစ်နည်း ဆိုပြီး ၂-အုပ်စု ခွဲနိုင်ပါတယ်။ ရှေးရိုးနည်းတွေမှာ ထင်ရှားတာကတော့ နေရာရွှေ့ဝှက်စာ (shifted cipher or Caesar cipher) အစားထိုးဝှက်စာ(substitute cipher)၊ အထားအသိုပုံစံပြောင်းဝှက်စာ (transposition ciphers) စသည်တို့ဖြစ်ပါတယ်။ အထင်ရှားဆုံးနဲ့ အသုံးအများဆုံး ခေတ်သစ်ဝှက်စာရေးနည်းစနစ်တွေကတော့ လျှို့ဝှက်ကီး (secret key)ကို သုံးစွဲတဲ့ symmetric encryption နည်းစနစ် နဲ့ ကီးတွဲ (public key)ကို သုံးစွဲတဲ့ asymmetric encryption နည်းစနစ် တွေဖြစ်ပါတယ်။ ဒီဆောင်းပါးဟာ အဲဒီလိုဝှက်စာရေးနည်း ပြန်ဖော်နည်းတွေအကြောင်းကို အဓိကတင်ပြမှာမဟုတ်ပဲ၊ အဲဒီဝှက်စာရေးနည်းတွေမှာ ကိန်းအောင်းခိုဝင်နေတဲ့  ကိန်းသီအိုရီဆိုင်ရာညာရပ်တွေရဲ့ အဆက်အစပ်အကြောင်းနဲ့ လက်တွေ့အသုံးချမှုအပိုင်းကိုသာ တင်ပြဆွေးနွေးမှာ ဖြစ်ပါတယ်။

 

အကြွင်းသင်္ချာ နှင့် နေရာရွှေ့ဝှက်စာ

            သမိုင်းတစ်လျောက် ရှေးအကျဆုံးဝှက်စာရေးနည်းတွေထဲက တခုကတော့ ရာမဧကရာဇ် ဂျူးလိယက်ဆီဇာ(Julius Caesar) သုံးခဲ့တဲ့နည်းပါ။ သူ့ရဲ့စနစ်က အင်္ဂလိပ် အက္ခရာစဉ်အတိုင်း စာလုံးတွေကို သတ်မှတ်ထားတဲ့ ကိန်းဂဏန်းတန်ဘိုးတခုအတိုင်း ဘယ်ဖက် သို့မဟုတ် ညာဖက်ကို နေရာ ရွှေ့လိုက်တာပါ။ မူရင်းစာလုံးကို၊ ရွှေ့လို ရလာတဲ့ စာလုံးနဲ  အစားထိုးလိုက်တဲ့အခါ ဝှက်စာသဘောမျိုးရလာတာပါပဲ။ ဒီဝှက်စာကို ကိန်းသီအိုရီလာ အကြွင်းသင်္ချာသဘောနဲ့ ချဉ်းကပ်ရင်

x   Þ x + k (mod 26)

where k = key (how many places to shift)

ဥပမာအားဖြင့်  SPARKY ဆိုတဲ့ စကားလုံးကို ဝှက်စာဖြစ်အောင် မူရင်းစာလုံးတွေကို ရှေ့ကို တစ်နေရာတိုးရွှေ့ပြီး ဖန်တီးမယ်ဆိုရင်

PLAINTEXT                          S   P   A  R   K   Y

Numerical Translation            18 15  0  17 10  24

Right Shift by One                  19 16  1  18 11  25

CIPHERTEXT                         T   Q  B  S   L    Z

            ဖြစ်ပြီး ဝှက်စာရေးတဲ့အခါမှာ မူရင်း စာလုံးကို ညာဖက်ကို ၁ နေရာ (k = 1) ရွှေ့လိုက်တာဖြစ်ပါတယ်။ အဲ့ဒီလို နေရာရွှေ့ဝှက်စာအတွက် ကီး တန်ဖိုးအမျိုးမျိုးပြောင်းလဲ သတ်မှတ်လိုက်တဲ့အခါ ဝှက်စာကလည်း ပြောင်းလဲသွားပါမယ်။ ဥပမာ တကယ်လို့ ကီးတန်းဘိုး k  ကို 7  လို့ သတ်မှတ်ပြီး ဝှက်စာရေးမယ်ဆိုရင်

PLAINTEXT                          S   P   A  R  K  Y

Numerical Translation            18 15  0 17 10  24

Right Shift by Seven               25  22 7 24 17  5

CIPHERTEXT                        Z   W  H Y  R  F

x   Þ x + k (mod 26), where k = 7

ဖြစ်ပါမယ်။

            ဒီရေးနည်းမှာ ဖြစ်နိုင်ခြေရှိတဲ့ ကီးစုစုပေါင်း အရေအတွက်ဟာ ၂၆ ခု သာ ရှိတဲ့အတွက် ဒီရေးနည်းဟာ အလွယ်တကူ ချိုးဖောက်ခံရနိုင်ပါတယ်။ ဒါဟာ ဝှက်စာကို ဖန်တီးတဲ့အခါမှာ ကီး တစ်ခုတည်းကို သုံးစွဲလို့ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီဝှက်စာရေးနည်းကိုပဲ ပိုမိုအဆင့်မြင့်တဲ့ အခြေအနေဖြစ်လာအောင် ကီး နှစ်ခု သုံးစွဲပြီး ဝှက်စာနဲ့ဆိုင်တဲ့ သင်္ချာတည်ဆောက်မှုပုံစံ (mathematical model) ကို ပြောင်းလဲနိုင်ပါတယ်။ ဥပမာ

x Þ ax + b (mod 26)

            where gcd(a, 26) = 1.

            ဒီပုံစံမှာ (a, b) ဆိုတဲ့ ကီးတွဲ (ordered pair) ကို အသုံးပြုမှာဖြစ်တဲ့အတွက် ပိုပြီးခိုင်မာမှုရှိတဲ့ (တရားမဝင်)ပြန်ဖော်ဖို့ ပိုမိုခက်ခဲတဲ့ ဝှက်စာကို ရနိုင်မှာဖြစ်ပါတယ်။

            gcd(a, 26) = 1 ကန့်သတ်ချက်အတွက် relatively prime to 26 ဖြစ်တဲ့ ကိန်းတွေက (1, 3, 5, 7, 9, 11, 15, 17, 19, 21, 23, 25) ဖြစ်တဲ့အတွက်၊   a အတွက် ၁၂၊   b အတွက် ၂၆  စုစုပေါင်း အသုံးချနိုင်တဲ့ ကီးအတွဲပေါင်း ၃၁၂ ( a.b = 12 x 26 = 312) ရှိလာပြီဖြစ်တဲ့အတွက်၊ ယခင်ဖြစ်နိုင်ချေ ကီးပေါင်း ၂၆ ခုထက် ပိုပြီးရလာပြီဖြစ်ပါတယ်။

ဥပမာ (a, b) = (3, 5) ကီးတွဲကိုသုံးပြီး   ဝှက်စာဖန်တီးမယ်ဆိုရင်-

 

PLAINTEXT                          S    P    A    R    K    Y

Numerical Translation            18 15    0    17 10   24

3x + 5 (mod 26)                      7   24    5    4    9    25

CIPHERTEXT                        H  Y     F    E   J    Z

            ဆိုပြီး ဖြစ်လာပါမယ်။

            ဒီဝှက်စာကို ပြန်ဖော်မယ်ဆိုရင်၊ ပိုမိုရှင်းလင်းတဲ့နည်းကတော့  decryption function ကို အောက်ပါအတိုင်း အရင်ဆုံး ရှာတဲ့နည်းဖြစ်ပါတယ်။

y ≡ 3x + 5 (mod 26)

Multiply both sides by 9 to get

9y ≡ 27x + 45 ≡ x + 19 (mod 26)

since 27 ≡ 1 and 45 ≡ 19.

This can be rearranged to

x ≡ 9y − 19 ≡ 9y + 7 (mod 26) ဖြစ်ပါတယ်။

ဒါကြောင့် ဝှက်စာ (H Y  F  E J Z ) ကို ပြန်ဖေါ်မယ်ဆိုရင် (H=7, Y=24, F= 5, etc  ဖြစ်တဲ့အတွက်)

7 Þ     9 · 7 + 7 (mod 26)       ≡ 18     = S

24 Þ   9 · 24 + 7 (mod 26)     ≡ 15     = P

5 Þ     9 · 5 + 7 (mod 26)       ≡ 0       = A

4 Þ     9 · 4 + 7 (mod 26)       ≡ 17     = R

9 Þ     9 · 9 + 7 (mod 26)       ≡ 10     = K

25 Þ   9 · 25 + 7 (mod 26)     ≡ 24     = Y

            ဆိုတဲ့ မူရင်း သတင်းစကားကို ပြန်ရပါတယ်။ ဒီ ဝှက်စာရေးနည်းအတွက် အသုံးပြုတဲ့ သင်္ချာပုံစံမှာ ကန့်သတ်သက်တစ်ခုရှိပါတယ်။ အဲ့တာကတော့

gcd(a, 26) = 1

ဖြစ်ရမဲ့အချက်ပဲဖြစ်ပါတယ်။ တကယ်လို့ gcd(a, 26) > 1 ဖြစ်သွားခဲ့ရင် ဘယ်လိုမှားယွင်းသွားနိုင်လဲဆိုတာကို လေ့လာကြည့်ပါမယ်။

 

ချစ်ခြင်း = မုန်းခြင်း

            တကယ်လို့ ကျွန်တော်တို့အသုံးပြုမဲ့ ကီးတွဲ (a, b)  ကို  (၁၃, ၅) လို့ ထားမယ်ဆိုပါစို့။ အဲ့ဒီအခါမှာ

x  Þ 13x + 5 (mod 26) ကို အသုံးပြုပြီး ဝှက်စာတစ်ခု ဖန်တီးကြည့်ပါမယ်။

 

"LOVE" ဆိုတဲ့စကားလုံးကို ဝှက်စာအဖြစ်ဖန်တီးကြည့်တဲ့အခါ

L = 11 Þ 13 · 11 + 5 (mod 26) ≡ 18 = S

O = 14 Þ 13 · 14 + 5 (mod 26) ≡ 5   = F

V = 21 Þ 13 · 21 + 5 (mod 26) ≡ 18 = S

E = 4   Þ 13 · 4 + 5 (mod 26)    ≡ 5   = F,

            "SFSF" ဆိုပြီးဖြစ်လာပါတယ်။

တခါ "HATE" ဆိုတဲ့စကားလုံးကို ဝှက်စာဖန်တီးကြည့်ရင်လဲ

H = 7   Þ 13 · 7 + 5 (mod 26) ≡ 18    = S

A = 0   Þ 13 · 0 + 5 (mod 26) ≡ 5      = F

T = 19 Þ 13 · 19 + 5 (mod 26) ≡ 18 = S

E = 4   Þ13 · 4 + 5 (mod 26) ≡ 5       = F.

            "SFSF" ဆိုပြီးပဲ ရပါမယ်။ ဒါဟာ လူငယ်တွေအတွက်တော့ အတော်ကို လက်မခံနိုင်စရာကိစ္စဖြစ်နေမယ် ဆိုတာတော့ အသေအချာပါပဲ။ ဒါကြောင့်

x Þ ax + b (mod 26)

            where gcd(a, 26) = 1.

ဆိုပြီး ကန့်သန့်ချက်ထားရခြင်းဖြစ်ပါတယ်။

 

ကျပန်းကိန်း နှင့် တကြိမ်ရေးနည်းဝှက်စာ (One-Time Pad)

            စစ်အေးကာလ(1946-1991)တလျှောက်လုံးမှာ မော်စကို နဲ့ ဝါရှင်တန်ဒီစီ(ဆိုဗီယက် နဲ့ အမေရိကန်) အစိုးရအကြား ထူထောင်ထားတဲ့ အရေးပေါ်ဖုန်းလိုင်းစနစ်ဟာ one-time pad ဝှက်စာ စနစ်ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ အဲ့ဒီဝှက်စာစနစ်ကို ၁၉၂၀ လာက်မှာ အမေရိကန် စီးပွားရေးသမားတဦးဖြစ်တဲ့ ဂဲလ်ဘတ် ဆဲန်ဖို  ဗာနမ် (Gilbert Sandford Vernam) ဖေါ်ထုတ်တင်ပြခဲ့တာဖြစ်ပါတယ်။ သူ ရဲ့ အဲဒီ one-time pad ဝှက်စာစနစ်မှာ

-plaintext message ကို binary string တစ်ခု x အဖြစ် ကိုယ်စားပြုဖေါ်ပြလိုက်တယ်။ ဒီနေရာမှာ စာသားတွေ တစ်လုံးခြင်းကို binary string အဖြစ် ပြောင်းလဲဖို့အတွက် အခြေခံအကျဆုံးဖြစ်တဲ့ ASCII ကို သုံးစွဲနိုင်ပါတယ်။ (ဥပမာ A = 1000001; B = 1000010; etc )

-ပြီးရင် အဲဒီ x နဲ  sizeခြင်း အလျားခြင်း lengthခြင်း တူညီတဲ့ ကျပမ်း (random) binary string တစ်ခုကို  ကီး p  အဖြစ် သတ်မှတ်လိုက်တယ်။

-ပြီးရင် ခုနက x ကို p နဲ့ XOR (Exclusive OR) operation လုပ်လိုက်တယ်။ XOR Operation ဆိုတာ "the mod 2 addition law" ဖြစ်တဲ့

 0 + 0 = 0, 0 + 1 = 1, 1 + 1 = 0 ဆိုတာကို   ပေါင်းလဒ်ရှေ့ပို့မလုပ်ပဲ၊ တစ်ကြိမ်မှာ  binary digit တစ်ခုခြင်းစီ လုပ်ဆောင်တာဖြစ်ပါတယ်။ အနှစ်ချုပ်ကတော့ XOR မှာ တူရင်သုည၊ မတူရင်တစ် ဖြစ်ပါတယ်။

-အဲဒီအခါမှာ ဝှက်စာ (ciphered text) c ကို ရရှိလာပါတယ်။

 

pn = plaintext bit, xn = key bit, cn = cipher-text bit.

ဥပမာ

 x : 1 1 1 0 1 0 1 1 0 0 0 1

 p : 0 1 1 0 1 1 1 0 1 0 1 1                   

--------------------------------

 c : 1 0 0 0 0 1 0 1 1 0 1 0

( Encryption by XOR-ing x with Kp to get c)

 

အထက်ပါ ဆောင်ရွက်ချက်ကို   XOR ရဲ့ သင်္ကေတ   Å ကို အသုံးပြုပြီး  

101100111 Å  001110101 = 1000100101   လို့လဲ ရေးနိုင်ပါတယ်။

            ဒီနေရာမှာ ကျွန်တော်တို့အနေနဲ့  သတင်းစကားကို လက်ခံမယ့်သူဟာ ယုံကြည်စိတ်ချရတဲ့သူလို့  ယူဆပြီးဖြစ်တဲ့အတွက် ကျပန်းလျှို့ဝှက်ကီး p ကိုလည်း ကြိုတင် ဝေမျှပေးထားပြီးဖြစ်တယ်လို ယူဆထားပါတယ်။ ဒါကြောင့် လက်ခံသူအနေနဲ  ရလာတဲ့ ဝှက်စာ C ကို၊ သူ့ကိုမျှဝေပေးထားပြီးသား ကီး p နဲ  နာက်ထပ် XOR operation တစ်ခုထပ်လုပ်လိုက်ရင် မူရင်းသတင်းစကား x ကို အလွယ်တကူ ပြန်ရနိုင်ပါတယ်။

 

            C : 1 0 0 0 0 1 0 1 1 0 1 0

            p : 0 1 1 0 1 1 1 0 1 0 1 1

            --------------------------------

            x : 1 1 1 0 1 0 1 1 0 0 0 1

(Decryption by XOR-ing C with p to get x)

 

            ဒီ one-time pad ရဲ့ အားသာချက်ကတော့ ကြားဖြတ်ဖေါက်ထွင်းခိုးယူသူအနေနဲ  Key p ကို သိမထားဘူးဆိုရင် ဝှက်စာဟာ သူ အတွက် လုံးဝအဓိပ္ပါယ်မရှိတဲ့ အဓိပ္ပါယ်ဖေါ်မရတဲ့ ကျပမ်းစာသားကြီးတစ်ခုသာ ဖြစ်နေမှာပါ။ ဘာလို့တုန်းဆိုတော့ ဘယ်လို bit string တစ်ခုကိုမဆို တခြား ကျပမ်း bit string တစ်ခုနဲ  XOR လုပ်ထားရင် ရလာတဲ့ရလာဒ်ကလည်း ကျပမ်း bit string တစ်ခုသာဖြစ်နေမှာမို့လို့ပါပဲ။ ဒီ ဝှက်စာကို ခန့်မှန်းပြီးဖော်ဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ဘာလို့တုန်းဆိုတော့ ပေးပို့တဲ့သတင်းစကားနဲ့ အလျားတူတဲ့ ဘယ်လို ကျပမ်း binary string ကို မဆို Key အဖြစ်သုံးထားနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

            ဒီအချက်တွေကြောင့်ပဲ one-time pad စနစ်ဟာ ဘယ်လိုမှ မချိုးဖျက်နိုင်တဲ့ ဝှက်စာစနစ်တခုအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ဒါပေမယ့် မှန်မှန်ကန်ကန် သုံးမှသာ မချိုးဖျက်နိုင်တာဖြစ်ပြီး သူ ရဲ့ နာမည် one-time pad ဆိုတဲ့အတိုင်း ဝှက်စာတခုအတွက် Key တစ်ခုကို တစ်ကြိမ်တိတိသာသုံးခွင့်ရှိတာဖြစ်ပါတယ်။ တစ်ကြိမ်ထက်ပိုသုံးမိရင်တော့ one-time pad ဝှက်စာတွေဟာ လုံခြုံမှုမရှိတော့ပဲ သူ ရဲ့ ခိုင်ခံ့မှုစည်းလည်း ကျိုးပျက်သွားပါပြီ။ ဘာလို တုန်းဆိုတော့ ကီးကို တကြိမ်ထက်ပိုသုံးမိရင် ဝှက်စာမှာသုံးတဲ့ Key ကို ဖေါက်ထွင်းခိုးယူသူတွေအနေနဲ  အလွယ်တကူ တွက်ချက်ရယူနိုင်စွမ်း ရှိသွားလို့ပါ။ တွက်နည်းကလည်း အလွန်လွယ်ကူတဲ့ ကိန်းသီအိုရီရဲ့ အခြေခံ မှာပါတဲ့ အကြီးဆုံးဘုံဆခွဲကိန်း ( Greatest Common Divisor) ရှာတဲ့နည်းအတိုင်း တွက်ချက်ရှာဖွေလိုက်တာပါပဲ။ ဆိုလိုတာက

C1 = M1 * K  

C2 = M2 * K ဆိုရင်

C1 ရာ C2 မှာ ဘုံပါနေတဲ့ K ကို အလွယ်တကူ ရှာနိုင်သလိုမျိုးပေါ့။ အဲဒီတော့ အနှစ်ချုပ်လိုက်ရင်

 

-သတင်းပို မယ့်သူနဲ  လက်ခံမယ့်သူဟာ လျှို ဝှက်ကီးကို ကြိုတင်သတ်မှတ် ညှိနှိုင်းထားဖို  အသိပေးထားဖို လိုတဲ့အချက်။ [သတင်းအချက်အလက်တခုအတွက် ကီးတခု အမြဲကြိုတင်ပေးပို ထားဖို ဆိုတာ လက်တွေ မှာ အတော်လေး ခက်ခဲပါတယ်။]

-ကျပန်း ထုတ်လုပ်ရမဲ့ key ဟာ ပို မယ့် message နဲ  size တူရမယ့်အချက် ။ [အကျိုးဆက်အနေနဲ  သတင်းစကား ရှည်ရှည်ပို ချင်တဲ့အခါ key ရွးချယ်ရတာနဲ  တရောက်ကိုတရောက် ကြိုတင်ပြီး ကီးပေးပို့ရတာ ခက်ခဲလာပါတယ်။]

-တစ်ကြိမ်သုံးပြီးသားကီးကို နောက်ထပ် ဘယ်တော့မှ ပြန်မသုံးသင့်တော့တဲ့အချက်။

စတာတွေဟာ one-time pad ရဲ့ အဓိကအားနည်းချက်တွေပဲဖြစ်ပါတယ်။

            ဒါကြောင့် ပိုမိုလုံခြုံစိတ်ချရပြီး ကောင်းမွန်ပြည့်စုံတဲ့ ဝှက်စာစနစ်ဖြစ်တဲ့၊ ကြီးမားတဲ့ သုဒ္ဓကိန်းတွေနဲ့ အကြွင်းသင်္ချာ သဘောတရားကို ပေါင်းစပ်အသုံးချထားတဲ့ ခေတ်သစ် ဝှက်စာစနစ်တွေအကြောင်းကို ဆက်လက်တင်ပြပါမယ်။

 

လျှို့ဝှက်ကီး နှင့် သုဒ္ဓကိန်း

            ခေတ်သစ်ဝှက်စာပညာရပ်မှာ သူတို ရဲ့ လျှို ဝှက်ကီး key အသုံးပြုပုံအပေါ် မူတည်ပြီးတော့ Symmetric နဲ့ Asymmetric ဆိုပြီး အကြမ်းဖျဉ်းခွဲနိုင်ပါတယ်။

            1. Symmetric Encryption ဝှက်စာရေးဖို အတွက်ရော ဝှက်စာကိုဖြည်ဖို အတွက်ပါ တူညီတဲ့ Key တခုတည်းကိုပဲ သုံးတယ်။ ဆိုလိုတာက shared-key, secret-key နဲ  private-key အားလုံးအတွက် တူညီတဲ့ Key တခုတည်းကိုပဲ အသုံးပြုတဲ့ စနစ်မျိုးကိုရည်ညွှန်းတာဖြစ်ပါတယ်။ ဥပမာအနေနဲ ကတော့ အထက်မှာ တင်ပြခဲ့တဲ့ one-time pad လို စနစ်မျိုးမှာ encrypt လုပ်ဖို ရော decrypt လုပ်ဖို့ပါ တူညီတဲ့ ကျပမ်း binary string key တခုတည်းကိုပဲ သုံးစွဲသလိုမျိုးဖြစ်ပါတယ်။

            2. Asymmetric Encryption ဝှက်စာရေးဖို့အတွက်က key တခု၊ ဝှက်စာကိုဖော်ဖို့အတွက်က တခြားသီးသန့် key တခု၊ အဲဒီလို မတူညီတဲ့ Key တွကိုသုံးတယ်ဆိုရင် Asymmetric Encryption (public-key) စနစ်ဖြစ်ပါတယ်။ အဲဒီလို မတူညီတဲ့ key တွကို public-key နဲ  private-key လို့ခေါ်ပါတယ်။

            အဲ့ဒီလို ကီးနှစ်ခု ဘာကြောင့် လိုအပ်ရသလဲဆိုတဲ့ ပြဿနာကို မြင်သာထင်ရှားစေဖို့အတွက် အောက်ပါ ဥပမာနဲ့ ပုံဆောင်ကြည့်နိုင်ပါတယ်။

 

Public-key cryptography ဆိုင်ရာ စိတ်ကူးပြဿနာ

            ဆိုပါစို  အေ ကနေ ဘီ ကို ငွေထည့်ထားတဲ့ သေတ္တာတလုံး ပို့ချင်တယ်။ လမ်းမှာ ဘယ်သူကမှ ဖွင့်ပြီးမယူစေချင်ဘူး။ ဒါကြောင့် သေတ္တာကို သာ့ခတ်ပြီးပို့ပါတယ်။ ဒီနေရာမှာ ကြားဖြတ်နဲနဲပြောရရင်တော့ သော့ဆိုတာလည်း Number Theory ကို အခြေခံတည်ဆောက်ထားတာပဲဖြစ်ပါတယ်။ သော့တံ(key) တစ်ခုတည်းနဲ  သော့ခလောက်(lock) နှစ်လုံးကို ဖွင့်လို မရတဲ့ အကြောင်းက၊ သော့တစ်လုံးစီကို သီးသန့်ဖြစ်တဲ့ မတူညီတဲ့ နံပါတ်တစ်ခုစီပေါ်မှာ အခြေခံတည်ဆောက်ထားတာ ဖြစ်လို့ပါ။ ဆိုလိုတာက သော့ အေ ရဲ့ နံပါတ်ကို 30 လို သတ်မှတ်ထားရင် ကိန်းသီအိုရီအရ 30 ရဖို သုဒ္ဓကိန်းတွေဖြစ်တဲ့  2*3*5  မြှောက်မှရမယ်။ အထားအသို အစီအစဉ်ပြောင်းနိုင်တယ်။ ဒါပေမဲ့ တခြား prime number အတွဲတွေမြှောက်ခြင်းနဲ့တော့ ၃၀ မရနိုင်ဘူး။ အဲဒီလို နည်းနဲ  သော့တစ်လုံးချင်းစီကို လုံးဝသီးသန့်ဖြစ်အောင် တည်ဆောက်ထားတာပါ။

            အခုတင်ပြတဲ့ စိတ်ကူးပြဿနာမှာ ပို့မယ့်အေ နဲ့ လက်ခံမယ့်ဘီ နှစ်ရောက်လုံးဆီမှာ မိတ္တူပွားထားတဲ့ သော့တူရှိရင်တော့ အဆင်ပြေတာပေါ့။ အေ က သူ့သော့ သူခတ် ဘီ ကို ပို့။ ဘီကလည်း အေ ပေးထားတဲ့ သူ့မှာရှိတဲ့ သော့တူနဲ ဖွင့် ပြီးယူ။ ဒါပေမယ့် ပြဿနာက အေ နဲ့ ဘီ က အဲဒီလို သော့တူမျှသုံး (shared key) စနစ်ကို မသုံးဘူးဆိုရင် အဆင်မပြေနိုင်ပါဘူး။ ဆိုလိုတာက အေ က သူ့ သော့မိတ္တူ ဘီကို ကြိုတင်ပေးမထားဘူး။ သေတ္တာကို သော့ခတ်ပြီး ဘီကို ပို့လိုက်တယ်။ ဘီမှာ ဖွင့်စရာ သာ့မရှိဘူး။ သော့ခတ်ထားတဲ့ သေတ္တာအရင်ပို့၊ ပြီးမှ သော့ကို ဒီအတိုင်း သပ်သပ်ပို့ ဆိုရင်လည်း အဆင်မပြေနိုင်ပါဘူး။ အဲ့ဒီ သော့ ပြဿနာကို အောက်ပါပုံ အတိုင်း ဖြေရှင်းနိုင်ပါတယ်။

 

• အေ ပို့မဲ့ သေတ္တာကို  အေ သော့နဲ ခတ်။ ဘီ ကို ပို့။

• ဘီက သူ ဆီရောက်လာတဲ သေတ္တာကို သူ ကိုယ်ပိုင်သော့ ဘီ နဲ့  ထပ်ခတ်။ ပြီးရင် အဲ့ဒီ သေတ္တာကို အေ ဆီ ပြန်ပို့။

• အေ က သူ့ဆီပြန်ရောက်လာတဲ့ (သော့နှစ်လုံး ခတ်ထားတဲ့) သေတ္တာက သူ ခတ်ထားတဲ့ အေ သော့ကို ဖွင့်ပြီး (ဖြုတ်ပြီး) သေတ္တာကို  ဘီ ဆီ ပြန်ပို့။

• ဘီက သူခတ်ထားတဲ့ သော့ဘီကို သူ ဘာသာသူ ပြန်ဖွင့်။ အထဲက လိုတဲ့ပစ္စည်းကိုယူ။

            အဲ့ဒီအချိန်မှာ တစ်ဦးနဲ့တစ်ဦး လုံခြုံစိတ်ချစွာ ဆက်သွယ်ခြင်းပြီးမြောက်သွားပါပြီ။

 

သုဒ္ဓကိန်း အကြွင်းသင်္ချာ နှင့် Diffie-Hellman ဝှက်စာ

            တကယ်တန်းကျတော့ ကျွန်တော်တို ပို့ရမှာက ရုပ်ဝတ္ထု ပစ္စည်းတွေမဟုတ်ပဲ၊ ကွန်ပြူတာကွန်ယက်တွေပေါ်မှာ အီလက်ထရောနစ်နည်းလမ်းနဲ့ data အချက်အလက်တွေ (bit stream or signal) ကိုပဲ ပို့ရမှာဖြစ်ပါတယ်။ အဲဒီလိုပို့တဲ့အခါမှာ ကျွန်တော်တို  အထက်မှာ ဆွေးနွေးခဲ့တဲ့ ပို့ဆောင်ဆက်သွယ်ရေးပုံစံ (protocol) ကို ဘယ်လို အကောင်အထည်ဖေါ်ကြမလဲ ဆိုတဲ့ မေးခွန်းပေါ်ပေါက်လာပါတယ်။ အဲဒီမေးခွန်းရဲ့အဖြေနဲ့ပါတ်သက်ပြီး ပြဿနာဖြေရှင်းပုံ နည်းလမ်းအဆင့်ဆင့်ကို၊ ၁၉၇၆ ခုနှစ်မှာ Whitfield Diffie နဲ  Martin Hellman ဆိုတဲ့ ပုဂ္ဂိုလ်နှစ်ဦးက ပထမဆုံး စတင်ဆွေးနွေးတင်ပြခဲ့ပါတယ်။ သူတို နှစ်ဦးကို ဂုဏ်ပြုတဲ့အနေနဲ  အဲဒီ နည်းစနစ်ကို Diffie-Hellman Protocol လို ခါ်ပါတယ်။ ဒါပေမယ့်လည်း ၂၀၀၂ ခုနှစ်မှာ Hellman က အဲဒီ algorithm ကို “Diffie–Hellman–Merkle key exchange” လို ခါ်ဖို  အကြံပြုတင်ပြခဲ့ပါတယ်။ ဘာလို လဲဆိုတော့ အဲဒီ public key cryptography နည်းစနစ်ကို တည်ထွင်ရာမှာ Ralph Merkle ဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုတွေ အများအပြားရှိခဲ့လို ဖြစ်တယ်လို  ဆိုပါတယ်။ အဲ့ဒီ Diffie-Hellman Protocol ကို ကိန်းသီအိုရီပါအကြွင်းသင်္ချာနဲ့ သုဒ္ဓကိန်း ကို အသုံးချပြီး လက်တွေ့လုပ်ဆောင်ကြည့်ကြပါစို့။

ဥပမာ အေ နဲ့ ဘီ ဟာ တစ်ရောက်နဲ့တစ်ရောက် ဝှက်စာနဲ့ သတင်းစကားပေးပို့နိုင်ကြဖို့အတွက်

1.  အေ နဲ  ဘီ ဟာ prime number p = 23 နဲ  အခြေ base g = 5 ကို သုံးစွဲဖို  သဘောတူထားကြတယ်။

2.  အေ  ဟာ သူ ရဲ့ ကိုယ်ပိုင် လျှို ဝှက် ကိန်းပြည့် a = 6 ကို သုံးဖို့ ရွေးချယ်လိုက်တယ်။ ပီးတော့  ဘီ ဆီကို  A = ga mod p  ကို ပို လိုက်တယ်။

·         A = 5 6 mod 23

·         A = 15,625 mod 23

·         A = 8

 

3.  ဘီ  ကတော့ သူ ရဲ့ ကိုယ်ပိုင် လျှို ဝှက် ကိန်းပြည့်အဖြစ် b = 15 ကို ရွးချယ်လိုက်တယ်။ ပီးတော့ အေ ဆီကို  B = gb mod p  ကိုပို လိုက်တယ်။

 

·         B = 515 mod 23

·         B = 30,517,578,125 mod 23

·         B = 19

 

4.  အေ ဟာ သူတို ရဲ့ လျှို ဝှက်သတင်းစကား s ကို ဒီလိုတွက်ယူလိုက်တယ်။

o   s = B a mod p

o   s = 196 mod 23

o   s = 47,045,881 mod 23

o   s = 2

 

ဘီ ကလည်း လျှို ဝှက်သတင်းစကား s ကို ဒီလိုတွက်ယူတယ်။

o   s = A b mod p

o   s = 815 mod 23

o   s = 35,184,372,088,832  mod 23

o   s = 2

 

            အခုအခါမှာ အေ နဲ့ ဘီ ဟာ သူတို ရဲ့ လျှို ဝှက်ချက် s = 2 ကို နှစ်ရောက်လုံး မျှဝေသုံးစွဲနိုင်တဲ့ အဆင့်ကိုရောက်နေပါပြီ။ ဒါဟာ ဘာလို တုန်းဆိုတော့  6*15  နဲ  15*6 ဟာ အတူတူပဲဖြစ်လို့ပါ။ ဒါကြောင့် နှစ်ရောက်စလုံး (အေ နဲ့  ဘီ) ရဲ့ ကိုယ်ပိုင် လျှို ဝှက်ကိန်းပြည့်တွေကို သိထားတဲ့ သူကပဲ လျှို့ဝှက်သတင်းစကား s ကို အာက်ပါအတိုင်း တွက်ယူနိုင်မှာဖြစ်ပါတယ်။

 

·         s = 5 6*15  mod 23

·         s = 5  15*6 mod 23

·         s = 5 90 mod 23

·         s =807,793,566,946,316,088,741,610,050,849,573,099,185,363,389,551,639,556,884,765,625 mod 23

·         s = 2

            အထက်ပါတွက်ချက်မှုကို ကြည့်မယ်ဆိုရင် အချက်အလက်ခိုးယူမဲ့သူဟာ အေ နဲ့ ဘီ နှစ်ရောက်လုံးရဲ့ လျှို့ဝှက်ကိန်းတွေကို သိစေဉီးတော့ အထက်ပါတွက်ချက်မှုကို မှန်ကန်အောင်လုပ်ဆောင်နိုင်ဖို့ဆိုတာ အလွန်ပဲ ခက်ခဲပါလိမ့်မယ်။

            ခုဆွေးနွေးခဲ့တဲ့ Diffie-Hellman စနစ်ဟာ ပေးပို့သူနဲ  လက်ခံသူ အကြား key လဲလှယ်ဖို အတွက် ရိုးရှင်းတဲ့စနစ်တခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း အီလက်ထရောနစ်ဆက်သွယ်ရေးကိစ္စတွေမှာ လက်တွေ့ သုံးစွဲတဲ့အခါ ရှုပ်ထွေးမှုတွေ ရှိနေဆဲပဲဖြစ်ပါတယ်။ ကျွန်တော်တို  တကယ်တန်းလိုချင်တာက ပေးပို့ သူနဲ့ လက်ခံသူကြား messag တွေဟာ အီလက်ထရောနစ် ဆက်သွယ်ရေးလမ်းကြောင်းတလျောက်မှာ အကြိမ်အရေအတွက် နည်းနိုင်သမျှ နည်းနည်းပဲ အပြန်အလှန်သွားတာမျိုးကိုလိုချင်တာပါ။ ဆိုလိုတာက ပေးပို့ သူနဲ့  လက်ခံသူ နှစ်ရောက်လုံးက public key တွ private key တွ ဖန်တီးနေစရာမလိုပဲ၊ တရောက်ကပဲ လိုအပ်တဲ့ public key နဲ  private key တွေကို ဖန်တီးလိုက်ရုံနဲ  လုံလောက်အဆင်ပြေစေမယ့် အခြေအနေမျိုးကို ဆိုလိုတာဖြစ်ပါတယ်။

 

သုဒ္ဓကိန်း အကြွင်းသင်္ချာ နှင့် RSA ဝှက်စာ

            အထက်မှာတင်ပြခဲ့တဲ့ Diffie-Hellman Protocol ရဲ့ လိုအပ်ချက်တွေကိုအခြေခံပြီး၊ ၁၉၇၇ ခုနှစ်မှာ မက်ဆာချူးဆက်နည်းပညာသိပ္ပံက ကျာင်းသားတွေဖြစ်တဲ့ Ronald Rivest, Adi Shamir နဲ  Leonard Adleman တို့က အကြွင်းသင်္ချာနဲ့  အခြေခံကိန်းသီအိုရီကို အသုံးချပြီး လုံခြုံမှုအလွန်မြင့်မားတဲ့ ဝှက်စာစနစ်တရပ်ကို “A Method for Obtaining Digital Signatures and Public-Key Cryptosystems” ဆိုတဲ့ စာတမ်းမှာ ဖါ်ထုတ်တင်ပြခဲ့ကြပါတယ်။ သူတိုရဲ့ နာမည်တွေကို စွဲယူဂုဏ်ပြုတဲ့အနေနဲ  အဲဒီနည်းစနစ်ကို RSA နည်းလို ခါ်ပါတယ်။

 

            ဒီ RSA ရဲ့ သိသိသာသာ အားသာတဲ့အချက်က “ပေးပို သူနဲ  လက်ခံသူတို ဟာ နှစ်ဦးသဘောတူ လျှို ဝှက်ကီး (secret key) တခုသတ်မှတ်ဖို့အတွက် တရောက်နဲ  တရောက် ကြိုတင်တွေ ဆုံ ညှိနှိုင်းဖို မလိုတဲ့အချက်ပဲဖြစ်တယ်”။ လက်ခံမယ့်သူမှာ လုံခြုံအောင် ထိန်းသိမ်းထားတဲ့ လျှို ဝှက်ကီး နှစ်ခုလုံးရှိထားတဲ့အပြင်၊ လူအများဆီကို တတ်နိုင်သမျှ ပျံ့နှံ အာင်ဖြန့်ဝေနိုင်တဲ့ public key ပါရှိထားတယ်။ သတင်းစကား ပေးပို့မဲ့သူဟာ လက်ခံမယ့်သူကဖြန့်ဝေပေးထားတဲ့ public key ကို အသုံးပြုပြီး၊ သူပေးပို့ ချင်တဲ့ message ကို encrypt လုပ်ပြီး ပို လိုက်တယ်။ လက်ခံရရှိတဲ့သူက သူ ရဲ့ secret private key နဲ  ပန်ပြီး decrypt လုပ်ပြီး ဖတ်တယ်။ RSA algorithm ကို လက်တွေ  သဘောပေါက်နားလည်စေဖို အတွက် အောက်ပါ အတိုင်း လက်တွေ့အသုံးချကြည့်ပါမယ်။

            အွန်လိုင်းဘဏ်စနစ်သုံးစွဲသူတစ်ဦးဟာ သူ့ရဲ့ဘဏ်စာရင်းထဲကို အီလက်ထရောနစ်နည်းလမ်းနဲ့ ATM ကတဆင့် ငွေ $3 ထည့်သွင်းချင်တယ်ဆိုပါစို့။ အဲ့ဒီအခါမှာ မူလ သတင်းအချက်အလက် M ဖြစ်တဲ့ 3 ဆိုတဲ့ ကိန်းဂဏန်းကို ATM က encode လုပ်၊ အဲ့ဒီလျှို့ဝှက် သတင်းစကားကို အီလက်ထရောနစ် ဆက်သွယ်ရေးလမ်းကြောင်းသုံးပြီး ဘဏ်ရုံးချုပ်ကိုပို့၊  အချက်အလက်ကို ဘဏ်က လက်ခံရရှိတဲ့အချိန်မှာ ပြန်ပြီး decode လုပ်ရမှာဖြစ်ပါတယ်။

            ဒီနေရာမှာ ATM က ဝှက်စာရေးဖို့၊ ပြန်ဖော်ဖို့ လိုအပ်တဲ့ key တွေကို ထုတ်လုပ်ပေးရမှာဖြစ်ပါတယ်။

            RSA Algorithm အရ ပထမအဆင့်အနေနဲ့ ATM က သုဒ္ဓကိန်းနှစ်လုံးကို ဖန်တီးလိုက်တယ်

ဆိုပါစို့ p1 = 11 and p2 =2

            နောက်တဆင့်မှာ အဲ့ဒီ ကိန်းနှစ်လုံးကို မြှောက်လိုက်တယ်။  n = (p1)(p2) = (11)(2) = 22

အဲ့ဒီ  n  ဆိုတဲ့ကိန်းဟာ ဝှက်စာရေးမဲ့ key နဲ့ ပြန်ဖော်မဲ့ key နှစ်ခုလုံးရဲ့ အစိတ်အပိုင်းဖြစ်ပြီး၊ နောက်ပိုင်းမှာ အကြွင်းတန်ဖိုးအဖြစ် အသုံးချမှာဖြစ်ပါတယ်။

နောက်တဆင့်ကတော့ Euler’s totient function ကို အသုံးပြုပြီး t ရဲ့ တန်ဘိုးကို တွက်ပါတယ်။

 t = (p1-1)(p2-1) =(11-1)(2-1) =(10)(1) =10

 

            နောက်တဆင့်မှာ key ဖန်တီးမဲ့ ATM က  ကိန်းတစ်ခုကို ရွေးချယ်လိုက်ပါတယ်။ e   ဆိုပါစို့။

အဲ့ဒီ e ဟာ t အောက်ငယ်ပြီး၊ t  နဲ့  e ရဲ့ အကြီးဆုံးဘုံဆခွဲကိန်းဟာ ၁ ဖြစ်ရပါမယ်။

            ရွေးချယ်လိုက်တဲ့ ကိန်း  e ဟာ  ၃ ဆိုပါစို့။ အဲ့ဒီ ၃ ဟာ ၁၀ အောက်ငယ်ပြီး  ၃ နဲ့ ၁၀ ကို ပြတ်အောင်စားနိုင်တဲ့ အကြီးဆုံးကိန်းကလည်း ၁ ဖြစ်ပါတယ်။

            နောက်တဆင့်ကတော့  d  ဆိုတဲ့ ကိန်းကို ရှာရမှာပါ။ အဲ့ဒီ d နဲ့ e ရဲ့ မြှောက်လာဒ်ကို t နဲ့ စားရင် ၁ ကြွင်းရမှာဖြစ်တယ်။

e d = 1 mod ( t )

ဒါကြောင့်  d ဟာ ၇ ဖြစ်ရပါမယ်

3 x 7 = 21, and 21/10 = 2 with a remainder of 1

 

ပေးပို့မဲ့သတင်းစကားကို ဝှက်စာဖြစ်အောင်ဖန်တီးမဲ့ public key က  e  နဲ့  n, ကိန်းနဲ့ပြောရင် 3 နဲ့ 22

private key က  d  နဲ့   n, ကိန်းဂဏန်းနဲ့ဆိုရင် 7 နဲ့ 22

ဒီအချိန်မှာ ဝှက်စာ ဖန်တီးဖို့အတွက် ATM က

Me mod  n       = 3 3 mod 22               = 27 mod 22                = 5

လို့ တွက်ထုတ်လိုက်ပါတယ်။    ဒါကြောင့် မူလ သတင်းစကား M (3) ကို ဝှက်စာအဖြစ် ဖန်တီး ပြီးတဲ့အခါ ရတာတဲ့ဝှက်စာ E က ၅ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ATM ဟာ အီလက်ထရောနစ် ဆက်သွယ်ရေး လမ်းကြောင်းကတဆင့် သက်ဆိုင်ရာ ဘဏ်ရဲ့ ကွန်ပျူတာစနစ်ကို E (5) ဆိုတဲ့ ဝှက်စာကို private key   d  နဲ့   n ( 7 နဲ့ 22) နဲ့အတူ ပေးပို့လိုက်ပါတယ်။ ဝှက်စာကို ပြန်ဖော်တဲ့အခါ ဘဏ်ရဲ့ ကွန်ပျူတာ စနစ်က

Ed mod n တန်ဘိုးကို တွက်ထုတ်လိုက်ပါတယ်။

Ed mod 22 = 57 mod 22= 78,125 mod 22 = 3

အဲ့ဒီအခါမှာ မူလ သတင်းစကား ၃ ကို ပြန်လည်ရရှိပါတယ်။

            အခု ဆွေးနွေးခဲ့တဲ့ ဥပမာမာ အသုံးပြုတဲ့ သုဒ္ဓကိန်းနှစ်ခု p1 နဲ့  p2  ကို အလွန်ငယ်တဲ့ ကိန်းတွေကိုသာ အသုံးပြုထားတာပါ။ လက်တွေ့မှာ တော့ အလွန်ကြီးမားတဲ့ ၂ ၄၀၀ အဆင့်လောက်ထိရှိတဲ့ သုဒ္ဓကိန်းတွေကို အသုံးပြုကြတာဖြစ်ပြီး တကယ်လက်တွေ့ ဝှက်စာတွေမှာ   n ရဲ့ တန်ဘိုးဟာ ၂ ၈၀၀   လောက်အထိ ရှိပါတယ်။

 

၂ ၈၀၀ လောက် ပမာဏရှိတဲ့ ကိန်းတစ်ခုကို ဆခွဲကိန်း ခွဲမယ်ဆိုရင် လိုအပ်တဲ့တွက်ချက်မှု အဆင့်ပေါင်းဟာ ၂ ၇၇  ဆင့်လောက်ရှိပါတယ်။ အဲ့တာကို တွက်ချက်မဲ့ကွန်ပျူတာဟာ တစ်စက္ကန့်ကို တွက်ချက်မှုပေါင်း သန်းတစ်ရာ (100 million instructions per second) တွက်ချက်နိုင်တယ်ဆိုပါစို့။ အဲ့ဒီကွန်ပျူတာဟာ တစ်နှစ်ပတ်လုံး မရပ်မနား ဆက်တိုက် တွက်ချက်မယ်ဆိုရင်၊ တွက်ချက်မှုပေါင်း

100,000,000 instructions/second x 60 seconds/minute x 60 minutes/hour x 24 hours/day x 365 days/year = 3 x 1015 instructions/year တွက်ချက်နိုင်ပါမယ်။ အခြေ ၂ နဲ့ ဖေါ်ပြရင် ခန့်မှန်းခြေအားဖြင့်  ၂ ၅၁  ဖြစ်ပါတယ်။

အဲ့တာကြောင့်  ၂ ၈၀၀ လောက် ပမာဏရှိတဲ့ ကိန်းတစ်ခုကို ဆခွဲကိန်း ခွဲပြီး အကြွင်းရှာမယ်ဆိုရင်

277 / 251 =2(77-51) = 226  ဖြစ်တဲ့အတွက်

ခန့်မှန်းခြေ နှစ်ပေါင်း သန်းခုနစ်ဆယ် (70 million years) အထိ ကြာမြင့်နိုင်မှာဖြစ်ပါတယ်။

            တကယ်တော့ ဒီ RSA နည်းဟာ အလွန်ကြီးမားတဲ့ သုဒ္ဓကိန်းနှစ်ခု တွက်ချက်ခြင်းကို အခြေခံပြီး တည်ထွင်ဖန်တီးထားတာပါ။ သူ ရဲ့ ခိုင်မာမှုနဲ ပတ်သက်လို့ “အလွန်ကြီးမားတဲ့ကိန်းတွေကို ဆခွဲကိန်းခွဲဖို  ဆိုတာ ခက်ခဲတယ်။ အဲဒီလို ဆခွဲကိန်းခွဲဖို ခက်ခဲသလောက် ဒီ ဝှက်စာရေးနည်းဟာလည်း ပြန်ဖော်ဖို့  (break လုပ်ဖို ၊ ချိုးဖျက်ဖို ) ခက်ခဲတယ်” ဆိုတဲ့ သီအိုရီအဆိုတခုအပေါ်ကို အခြေခံထားတာဖြစ်ပါတယ်။ ခုအခါမှာတော့ ဒီ RSA နည်းနဲ  သူ ရဲ့မျိုးကွဲ နည်းစနစ်တွေဟာ ခေတ်သစ်အိုင်တီစနစ်ကြီးတစ်ခုလုံးမှာ အကျယ်ပြန့်ဆုံးအသုံးပြုတဲ့ ဝှက်စာစနစ်တွေဖြစ်နေပါပြီ။ ဒါကြောင့် ဒီ RSA encryption စနစ်ဟာ စံ စနစ်တခုအဖြစ် တရားဝင် သတ်မှတ်မခံရပေမယ့်လည်း၊ လက်တွေ့လောကမှာတော့ ဝှက်စာရေးနည်းစံ (de-facto encryption standard) တခုအဖြစ် လူတိုင်းသုံးစွဲနေကြပါပြီ။

နိဂုံး    

            အနှစ်ချုပ်ရမယ်ဆိုရင် ဒီကနေ့အိုင်တီခေတ်ရဲ့ အသက်သွေးကြောဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့် နဲ့ သတင်းအချက်အလက် လုံခြုံစိတ်ချရမှုပါ။ အဲဒီလို လုံခြုံစိတ်ချနိုင်မှုကိုရဖို့အတွက် ဝှက်စာပညာဟာ မရှိမဖြစ် ပညာတစ်ခုပါ။ အဲ့ဒီဝှက်စာပညာဟာ ကမ္ဘာ့လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးအပေါ်မှာတောင် အကျိုးသက်ရောက်မှုရှိနေတဲ့ ပညာပါ။ ဒါကြောင့် အဲ့ဒီ မရှိမဖြစ်ပညာရဲ့ ရေသောက်မြစ်ဖြစ်တဲ့ အခြေခံကိန်းသီအိုရီပညာဟာ ဝှက်စာနည်းစနစ်အသစ်တွေကို ရှာဖွေဖော်ထုတ်ဖန်တီးတဲ့နေရာမှာ အလွန်ထိရောက်ပြီး လူသားတွေရဲ့ နေ့စဉ်လက်တွေ့ ဘဝအတွက် အသုံးဝင် အရေးပါလှတဲ့ သင်္ချာပညာရပ်ဆိုင်ရာကိုင်းကွဲတစ်ခုဖြစ်ကြောင်း တင်ပြအပ်ပါတယ်။